Unicode
နည်းပြဂါရတ်ဆောက်ဂိတ်ရဲ့အသင်းဟာ ယူရိုချန်ပီယံဆုအတွက် ရေပန်းစားတဲ့အသင်းစာရင်းမှာ ပါဝင်နေပြီး သူတို့ရဲ့အသင်းခေါင်းဆောင်က ပိုမိုတောင့်တင်းလာတဲ့ လူစာရင်းတစ်ခုဟာ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်စွမ်းရှိတယ်လို့ ခံစားမိနေပါတယ်။
ဟယ်ရီကိန်းက လက်ရှိအင်္ဂလန်အသင်းဟာ ၂၀၁၈ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကထက် ပိုမိုမြင်ြမားတဲ့နေရာတစ်ခုမှာ ရောက်ရှိနေလိမ့်မယ်လို့ဆိုပါတယ်။
ယူရို-၂၀၂၀ပြိုင်ပွဲရဲ့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့်ရတဲ့ အင်္ဂလန်အသင်းဟာ အိမ်ရှင်အားသာချက်ကို အသုံးချပြီး ယူရို-၂၀၂၀ပြိုင်ပွဲမှာ ရလဒ်ကောင်းရယူလိူနေတာဖြစ်ပါတယ်။
နည်းပြဂါရတ်ဆောက်ဂိတ်ရဲ့အသင်းဟာ နှစ်ပေါင်း၅၀ကျော်အတွင်း ပထမဆုံးအကြိမ် အဓိကဆုဖလားဆွတ်ခူးနိုင်ဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။
အင်္ဂလန်အသင်းအနေနဲ့ ဝင်ဘလေကွင်းကြီးထဲမှာကစားရမယ့် ဗိုလ်လုပွဲကြီးကို တက်လှမ်းနိုင်ဖို့အတွက် ခရီးကြမ်းကိုဖြတ်ကျော်ရဖွယ်ရှိနေပြီး လာမယ့်တနင်္ဂနွေနေ့မှာ ခရိုအေးရှားအသင်းနဲ့ စတင်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဒါပေမယ့် အသင်းခေါင်းဆောင်ဖြစ်သူဟယ်ရီကိန်းက အသင်းရဲ့လက်ရှိလူစာရင်းဟာ ပိုမိုတောင့်တင်းနေတာကြောင့် ဒီတစ်ကြိမ်မှာတော့ အခွင့်အရေးတွေကို အသုံးချနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဟယ်ရီကိန်းက' ကျွန်တော်တို့ ပိုကောင်းတဲ့နေရာကို ရောက်နိုင်ပါတယ်။ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ ကျွန်တော်တို့အသင်းကောင်းတစ်သင်း ဖြစ်ခဲ့ရဲ့လားဆိုတာ မသေချာပေမယ့် စွမ်းဆောင်ရည်ကောင်းတွေနဲ့အတူ နေရာတစ်နေရာ အရယူနိုင််ခဲ့ပါတယ်'
'ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့အသင်းဟာ ကလပ်အသင်းတွေနဲ့အတူ အတွေ့အကြုံကောင်းတွေပိုင်ဆိုင်ထားတဲ့ ကစားသမားတွေရယ်၊ ပြီးခဲ့တဲ့ကမ္ဘာ့ဖလား အတွေ့အကြုံရှိကစားသမားတွေရယ် ပေါင်းစပ်ထားတာကြောင့် ပိုမိုတောင့်တင်းလာတယ်လို့ ထင်ပါတယ်'
'ကျွန်တော်တို့ ပိုကောင်းတဲ့အနေအထားတစ်ခုမှာ ရှိနေတယ်လို့ ခံစားရပါတယ်။ ကျွန်တော်တို့ ဒီပြိုင်ပွဲကြီးမှာ ဗိုလ်စွဲနိုင်ရေးအတွက် အများကြီးကြိုးစားဖို့ လိုနေသေးတယ်ဆိုတာသိပါတယ်'
'ကျွန်တော်တို့နိုင်ငံအတွက် အဓိကဆုဖလားမရယူပေးနိုင်ခဲ့တာ အတော်ကိုကြာခဲ့ပါပြီ။ ဒီအချက်ဟာ ကျွန်တော်တို့လျှောက်လှမ်းရမယ့် ခက်ခဲတဲ့ခရီးကြမ်းအတွက် စိတ်ခွန်အားဖြစ်လာစေပါတယ်' လို့ပြောခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အသင်းရဲ့ လက်ရှိအနေအထားအရ အုပ်စုဗိုလ်မဖြစ်ခဲ့ရင်တောင် အုပ်စုဒုတိယနေရာအတွက်ကတော့ သေချာလုနီးပါရှိနေတဲ့အနေအထားလို့ ဆိုနိုင်ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ အုပ်စုဗိုလ်ဖြစ်ခဲ့ရင် ရှုံးထွက်အဆင့်မှာ ပြင်သစ်၊ဂျာမနီ၊ပေါ်တူဂီ တို့ထဲကတစ်သင်းနဲ့တွေ့ဆုံရဖွယ်ရှိပြီး ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် စပိန်အသင်းနဲ့ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရဖွယ်ရှိပါတယ်။
အကယ်၍အုပ်စုဒုတိယနေရာရခဲ့ရင် ရှုံးထွက်အဆင့်မှာ ဆွီဒင်(သို့)ပိုလန်အသင်းနဲ့ တွေ့ဆုံဖွယ်ရှိနေပြီး ကွာတားဖိုင်နယ်မှာ ပြင်သစ်၊ဂျာမနီ၊ပေါ်တူဂီ တို့ထဲကတစ်သင်းနဲ့ပဲ တွေ့ဆုံမှာဖြစ်ပါတယ်။
အင်္ဂလန်အသင်းရဲ့ဗိုလ်လုပွဲတက်လှမ်းရာလမ်းကြောင်းဟာ ထင်ထားတာထက်ပိုမိုခက်ခဲနိုင်ပြီး အတော်လေးအားထုတ်ကစားရဖွယ်ရှိနေပါတယ်။
Zawgyi
ေသြးသစ္ေလာင္းထားတဲ့အသင္းအေပၚယုံၾကည္မႈအျပည့္ရွိေနတဲ့အဂၤလန္ကပၸတိန္
နည္းျပဂါရတ္ေဆာက္ဂိတ္ရဲ့အသင္းဟာ ယူရိုခ်န္ပီယံဆုအတြက္ ေရပန္းစားတဲ့အသင္းစာရင္းမွာ ပါဝင္ေနၿပီး သူတို႔ရဲ့အသင္းေခါင္းေဆာင္က ပိုမိုေတာင့္တင္းလာတဲ့ လူစာရင္းတစ္ခုဟာ စိန္ေခၚမႈေတြကို ေက်ာ္ျဖတ္နိုင္စြမ္းရွိတယ္လို႔ ခံစားမိေနပါတယ္။
ဟယ္ရီကိန္းက လက္ရွိအဂၤလန္အသင္းဟာ ၂၀၁၈ခုႏွစ္ကမၻာ့ဖလားၿပိဳင္ပြဲကထက္ ပိုမိုျမင္ျမားတဲ့ေနရာတစ္ခုမွာ ေရာက္ရွိေနလိမ့္မယ္လို႔ဆိုပါတယ္။
ယူရို-၂၀၂၀ၿပိဳင္ပြဲရဲ့ ပူးတြဲအိမ္ရွင္အျဖစ္ က်င္းပခြင့္ရတဲ့ အဂၤလန္အသင္းဟာ အိမ္ရွင္အားသာခ်က္ကို အသုံးခ်ၿပီး ယူရို-၂၀၂၀ၿပိဳင္ပြဲမွာ ရလဒ္ေကာင္းရယူလိူေနတာျဖစ္ပါတယ္။
နည္းျပဂါရတ္ေဆာက္ဂိတ္ရဲ့အသင္းဟာ ႏွစ္ေပါင္း၅၀ေက်ာ္အတြင္း ပထမဆုံးအႀကိမ္ အဓိကဆုဖလားဆြတ္ခူးနိုင္ဖို႔ ေရပန္းစားေနတာျဖစ္ပါတယ္။
အဂၤလန္အသင္းအေနနဲ႔ ဝင္ဘေလကြင္းႀကီးထဲမွာကစားရမယ့္ ဗိုလ္လုပြဲႀကီးကို တက္လွမ္းနိုင္ဖို႔အတြက္ ခရီးၾကမ္းကိုျဖတ္ေက်ာ္ရဖြယ္ရွိေနၿပီး လာမယ့္တနဂၤေႏြေန႔မွာ ခရိုေအးရွားအသင္းနဲ႔ စတင္ရင္ဆိုင္ရမွာျဖစ္ပါတယ္။
ဒါေပမယ့္ အသင္းေခါင္းေဆာင္ျဖစ္သူဟယ္ရီကိန္းက အသင္းရဲ့လက္ရွိလူစာရင္းဟာ ပိုမိုေတာင့္တင္းေနတာေၾကာင့္ ဒီတစ္ႀကိမ္မွာေတာ့ အခြင့္အေရးေတြကို အသုံးခ်နိုင္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။
ဟယ္ရီကိန္းက' ကၽြန္ေတာ္တို႔ ပိုေကာင္းတဲ့ေနရာကို ေရာက္နိုင္ပါတယ္။ ၿပီးခဲ့တဲ့ကမၻာ့ဖလားမွာ ကၽြန္ေတာ္တို႔အသင္းေကာင္းတစ္သင္း ျဖစ္ခဲ့ရဲ့လားဆိုတာ မေသခ်ာေပမယ့္ စြမ္းေဆာင္ရည္ေကာင္းေတြနဲ႔အတူ ေနရာတစ္ေနရာ အရယူနိုင္္ခဲ့ပါတယ္'
'ဒီတစ္ႀကိမ္မွာေတာ့ ကၽြန္ေတာ္တို႔အသင္းဟာ ကလပ္အသင္းေတြနဲ႔အတူ အေတြ႕အၾကဳံေကာင္းေတြပိုင္ဆိုင္ထားတဲ့ ကစားသမားေတြရယ္၊ ၿပီးခဲ့တဲ့ကမၻာ့ဖလား အေတြ႕အၾကဳံရွိကစားသမားေတြရယ္ ေပါင္းစပ္ထားတာေၾကာင့္ ပိုမိုေတာင့္တင္းလာတယ္လို႔ ထင္ပါတယ္'
'ကၽြန္ေတာ္တို႔ ပိုေကာင္းတဲ့အေနအထားတစ္ခုမွာ ရွိေနတယ္လို႔ ခံစားရပါတယ္။ ကၽြန္ေတာ္တို႔ ဒီၿပိဳင္ပြဲႀကီးမွာ ဗိုလ္စြဲနိုင္ေရးအတြက္ အမ်ားႀကီးႀကိဳးစားဖို႔ လိုေနေသးတယ္ဆိုတာသိပါတယ္'
'ကၽြန္ေတာ္တို႔နိုင္ငံအတြက္ အဓိကဆုဖလားမရယူေပးနိုင္ခဲ့တာ အေတာ္ကိုၾကာခဲ့ပါၿပီ။ ဒီအခ်က္ဟာ ကၽြန္ေတာ္တို႔ေလၽွာက္လွမ္းရမယ့္ ခက္ခဲတဲ့ခရီးၾကမ္းအတြက္ စိတ္ခြန္အားျဖစ္လာေစပါတယ္' လို႔ေျပာခဲ့တာျဖစ္ပါတယ္။
အဂၤလန္အသင္းရဲ့ လက္ရွိအေနအထားအရ အုပ္စုဗိုလ္မျဖစ္ခဲ့ရင္ေတာင္ အုပ္စုဒုတိယေနရာအတြက္ကေတာ့ ေသခ်ာလုနီးပါရွိေနတဲ့အေနအထားလို႔ ဆိုနိုင္ပါတယ္။ အဂၤလန္အသင္းအေနနဲ႔ အုပ္စုဗိုလ္ျဖစ္ခဲ့ရင္ ရႈံးထြက္အဆင့္မွာ ျပင္သစ္၊ဂ်ာမနီ၊ေပၚတူဂီ တို႔ထဲကတစ္သင္းနဲ႔ေတြ႕ဆုံရဖြယ္ရွိၿပီး ေက်ာ္ျဖတ္နိုင္ခဲ့မယ္ဆိုရင္ စပိန္အသင္းနဲ႔ကြာတားဖိုင္နယ္မွာ ရင္ဆိုင္ရဖြယ္ရွိပါတယ္။
အကယ္၍အုပ္စုဒုတိယေနရာရခဲ့ရင္ ရႈံးထြက္အဆင့္မွာ ဆြီဒင္(သို႔)ပိုလန္အသင္းနဲ႔ ေတြ႕ဆုံဖြယ္ရွိေနၿပီး ကြာတားဖိုင္နယ္မွာ ျပင္သစ္၊ဂ်ာမနီ၊ေပၚတူဂီ တို႔ထဲကတစ္သင္းနဲ႔ပဲ ေတြ႕ဆုံမွာျဖစ္ပါတယ္။
အဂၤလန္အသင္းရဲ့ဗိုလ္လုပြဲတက္လွမ္းရာလမ္းေၾကာင္းဟာ ထင္ထားတာထက္ပိုမိုခက္ခဲနိုင္ၿပီး အေတာ္ေလးအားထုတ္ကစားရဖြယ္ရွိေနပါတယ္။
0 Yorumlar